Jul 6, 2009

ချစ်ခြင်းသံစဉ် ၂ နှစ်ပြည့်

ကောင်လေးရေ ..
ဒီနေ့ဆိုရင် . ကောင်မလေးတို့ ချစ်သက်တမ်း ၂ နှစ်ပြည့်လေးနော် .. ကောင်လေးကတော့ အဝေးတစ်နေရာမှာဘဲ ရှိနေဆဲပေါ့ ... အကြောင်းကြောင်း ကြောင့်တွေကြောင့် ကောင်မလေးရဲ့ ဘလော့ပေါ်ကို မလာနိုင်ပေမယ့်လဲ ကောင်လေးရင်ထဲမှာ ကောင်မလေးနဲ့ ထပ်တူ ဖြစ်နေမယ်ဆိုတာ .. ကောင်မလေး သိပြီးသား ..

ကောင်လေးရေ ..
ဘာလိုလိုနဲ့ ကောင်လေးပြောခဲ့တဲ့ ၂၀၁၀ နားကိုတော့ ရောက်တော့မယ် .. အခြေအနေတွေ ပေးလာပါ့မလား ဆိုတာကိုတော့ ကောင်မလေးလဲ သေချာမပြောနိုင်သလိုဘဲ ကောင်လေးလဲ သေချာပြောနိုင်မယ် မထင်မိဘူးနော် .. ဘာဘဲဖြစ်ဖြစ် ... တစ်နေနေ့မှာတော့ .. ကောင်လေးနဲ့ ကောင်မလေး ဆုံစည်းရမယ်ဆိုတာ . ကောင်မလေး မျှော်လင့်ပြီးသားပါ ... ကောင်လေးရေ .. ကောင်မလေးကတော့ အလွမ်းတွေကို သယ်ပိုးပြီး ... ကောင်လေး ပြန်လာမယ့်နေ့တွေကို စောင့်ကြိုနေဆဲပါ ....

ရှိပါသေးတယ် ...

Jun 15, 2009

အလွမ်းသီချင်းများနဲ့ ကောင်မလေး

လွမ်းနာကျနေတဲ့ ကောင်မလေးတစ်ယောက် နားထောင်လိုက်တိုင်း .. အလွမ်းသီချင်းလေးတွေ ဖြစ်နေတတ်တာ ခုဆိုရင် ၈လနီးပါး ရှိနေပါဘီ .. ကောင်လေး အဝေးကိုထွက်သွားတဲ့ အချိန်ထဲကပေါ့ ... အိမ်နဲ့အလုပ် .. အလုပ်နဲ့အိမ် .. ချာလပတ်ရမ်းနေချိန်နေမှာတောင် ကောင်လေးကို မမေ့နိုင်ဘဲ လွမ်းနေ သတိရနေတာတွေကို .. ကောင်မလေး ဘယ်လို သက်သေပြရမှာလဲ ကောင်လေးရယ် ..

ချစ်တယ် ဆိုတဲ့ စကားတခွန်းထက် .. သံယောဇဉ်ဆိုတဲ့ စကားတစ်ခွန်းက .. ခုချိန်မှာ ကောင်လေးပေါ်ထားမိတဲ့ ကောင်မလေးရဲ့ ချစ်ခြင်းသံယောဇဉ်တွေက အချိန်ကာလတစ်ခုမှာတော့ သက်သေပြပါလိမ့်မယ် .. ဘာလိုလိုနဲ့ .. ကောင်လေးပြောခဲ့တဲ့ ၂၀၁၀ ဆိုတဲ့ ကိန်းဂဏန်းတစ်ခုကို ရောက်လာတော့မယ်လေ .. ကောင်မလေးကတော့ ကောင်လေးကို ၂၀၁၀ ရယ်မှ မဟုတ်ပါဘူး .. ကောင်လေးဘက်က .. အဆင်သင့်ဖြစ်နေချိန် ဘယ်ချိန်ဘဲဖြစ်ဖြစ် .. ကောင်လေး တစ်ယောက်သာ ကောင်မလေးဆီ ပြန်ရောက်လာမယ်ဆိုရင် .. ကောင်မလေးကတော့ .. ဘယ်လိုအချိန်ဘဲ ဖြစ်နေနေ .. ဘယ်လိုအခြေအနေဘဲဖြစ်နေနေ ... ဘယ်လိုပုံစံနဲ့ဘဲ ဖြစ်နေနေ ... ကောင်လေးကို ကြိုဆိုနေမှာပါ ... နားထောင်ကြည့်ပေးပါအုန်းနော် .. ကောင်မလေး ခံစားနေရတာတွေ .. ဒီသီချင်းလေးတွေက သက်သေပြနိုင်ပါတယ် ..


သီးသန့်ဖြစ်တည်မှု - L Sai Zi
No Place That Far - Westlife

ရှိပါသေးတယ် ...

Jun 12, 2009

မျှော်လင့်နေဆဲ

မနေ့က ပန်းခရေ နဲ့ ချက်ရင်းနဲ့ ကောင်မလေးကို ပစ်ထားတဲ့ ကောင်လေးအကြောင်းတွေ ပြောဖြစ်ကြတယ်လေ .. ကောင်လေးတစ်ယောက် ကောင်မလေးနဲ့ အဝေးဆုံးကို ပြေးထွက်တာ အခုဆို ၈လနီးပါးရှိနေပြီ .. မထင်မှတ်ဘဲနဲ့ ကောင်လေးရဲ့ ဘလော့အသစ်ကို သိခွင့်ရလိုက်ရင်းနဲ့ ကောင်လေးရင်ထဲမှာ ကောင်မလေးရှိနေတယ်ဆိုတာ .. ကောင်လေးတင်ထားတဲ့ ပိုစ့်လေးတွေက သက်သေပြနေတယ်လေ ..

ကောင်လေးရဲ့ An Angel In My Heart နဲ့ ခက် ဆိုတဲ့ ပိုစ့်လေးတွေပေါ့.. ကောင်မလေးရဲ့ မွေးနေ့ကို မမေ့သေးတဲ့အတွက်လဲ ကောင်လေးကို ပိုလွမ်းရပါတယ် .. ကောင်လေးရဲ့ မွေးနေ့ကိုလည်း ကောင်မလေးက သတိတရရှိနေပါတယ် ... ကောင်မလေးမှာ အလုပ်တွေ တအားများနေတာရယ် ပိုစ့်တွေ တင်ဖို့ စိတ်တွေလေနေတာနဲ့ မတင်ဖြစ်တာ ကြာပြီလေ .. သီချင်းလေးတွေ နားထောင်ဖြစ်ရင် ကောင်လေးကို တမ်းတနေမိတယ် ... နားထောင်ကြည့်ပါနော် ..


ဟိုတုန်းကလို - L Sai Zi
You And I - Scorpions

ရှိပါသေးတယ် ...

Jun 11, 2009

အလွမ်းသံစဉ်များ

ကောင်မလေး .. စိတ်တွေ .. ထွေပြားနေခဲ့တာ ခဏခဏပါဘဲ .. အဝေးရောက်နေတဲ့ ကောင်လေးတစ်ယောက် .. ကောင်မလေးကို သတိရနေပါရဲ့လား .... ဘလော့ကိုလဲ မလှည့်ဖြစ်တာ ကြာနေပြီလေ .. ဘယ်လောက်ထိ ဆိုးနေလဲဆိုရင် .. ကောင်မလေးရဲ့ ဂျီရိပ်ကိုလဲ မခိုဖြစ်တာ အတော်ကြာနေခဲ့ပြီလေ .. အဲ့ဒီတော့ ကောင်လေးနဲ့လဲ အဆက်အသွယ်ပြတ်နေခဲ့တာ ဒီနေ့ဆိုရင် . ၇လကျော် ၈လထဲ ၀င်လာခဲ့ပါပြီ .. ကောင်မလေးကတော့ တစ်နေ့တစ်ရက်မှ မေ့မနေပါဘူး ကောင်လေးရေ .. ကောင်လေးရေ .. ဒီသီချင်းလေးကို နားထောင်မိတိုင်း ကောင်လေးနဲ့ ပျော်ရွှင်စွာ လက်တွဲခဲ့ရတဲ့ နေ့ရက်တွေ တစ်နေ့မှ မမေ့ပါဘူး .. ယုံကြည်စွာနဲ့ စောင့်နေဆဲပါ ..

ကြိုနေစေချင်တယ် - ဂျီလတ်

ရှိပါသေးတယ် ...

Apr 17, 2009

မင်္ဂလာနှစ်သစ် ၁၃၇၁


(ဒီပုံလေးကို တီချာမေငြိမ်း ဆီက ယူတာပါ)

မင်္ဂလာရှိသော နှစ်သစ် ဖြစ်ပါစေလို့ အနှင်း ဆုတောင်းပေးပါတယ် ... မြန်မာတွေ နှစ်သစ်ကို ကြိုတဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ... ပြည်သူပြည်သားတွေ အားလုံး ... ကမ္ဘာ့နိုင်ငံအရပ်ရပ်မှာ နေထိုင်ကြတဲ့ မြန်မာပြည်သူ ပြည်သားတွေ အားလုံး .. စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်း နှင့်အတူ .. လိုရာဆန္ဒတွေ ပြည့်ဝပါစေလို့ ဆုတောင်းလိုက်ပါတယ် ...
အနှင်းကတော့ .. အန်တီစုကို အမြန်ဆုံး လွှတ်မြောက်စေချင်လှပါဘီ .. အန်တီစုနှင့်တကွ .. နိုင်ငံရေးအကျဉ်းသားအားလုံး .. အမြန်ဆုံးလွှတ်မြောက်ပါစေ ... မြန်မာနိုင်ငံလဲ လွတ်လပ်အေးချမ်းတဲ့ နိုင်ငံအဖြစ် အမြန်ဆုံးရပ်တည်နိုင်ပါစေလို့ .. ဆုမွန်ကောင်း တောင်းပေးပါတယ် ..


ရှိပါသေးတယ် ...

Feb 25, 2009

ခေါ်သံ

ကောင်မလေး .. ခုတလော နားထောင်ဖြစ်နေတဲ့ သီချင်းလေးပါ ... ကောင်မလေးရဲ့ ရင်အစုံကို တည့်တည့်ထိတဲ့ သီချင်းလေးပေါ့ .. ဒေါင်းလုပ်လင့်ခ်လေးလဲ ပေးထားပါတယ် .. နားဆင်ကြည့်ပါနော် .... မျှော်လင့်မှုတွေ မရှိတော့တဲ့အခါ ... ၀မ်းနည်းရပါတယ် .. သီချင်းလေးကို နားထောင်တိုင်း ပျော်ခဲ့ရဘူးတဲ့ နေ့ရက်တွေကို တမ်းတမိတယ်လေ ... ခံစားနိုင်ပါစေနော် ...

Your Call - Secondhand Serenade

Waiting for your call, I'm sick, call I'm angry
Call I'm desperate for your voice
Listening to the song we uesd to sing
In the car, do you remember
Butterfly, Early Summer
It's playing on repeat, just like when we would meet
Like when we would meet
Cause I was born to tell you I love you
And I am torn to do what I have to, to make you mine
Stay with me tonight
Stripped and polished, I am new, I am fresh
I am feeling so ambitious, you and me, flesh to flesh
Cause every breath that you will take
When you are sitting next to me
Will bring life into my deepest hopes, What's your fantasy?
(What's your, what's your, what's your .. )
And I'm tired of being all alone, and this solitary moment makes me want to come back home
I know everything you wanted isn't anything you have
Cause I was born to tell you I love you
And I am torn to do what I have to, to make you mine
Stay with me tonight

Your Call - Secondhand Serenade



ရှိပါသေးတယ် ...

Feb 23, 2009

အိမ်နာမည် ပြောင်းရွေ့ခြင်း

ကောင်မလေးက ချစ်စနိုးနဲ့ ခေါ်တဲ့ မောင်လေး ချစ်ပုံး (မင်းယွန်းသစ်) က ကောင်မလေးကို C-Box မှာ လာအော်သွားတယ်လေ ... co.cc ဆိုတာလေးနဲ့ ပြောင်းပါလားတဲ့ .. ပြည်တွင်းက လူတွေ အလွယ်တကူ ၀င်ကြည့်လို့ ရတယ်တဲ့ .. ကောင်မလေး သိပါတယ် အဲ့လိုလဲ ပြောင်းဖို့ အစီအစဉ်ရှိတယ်လေ .. ဒါမဲ့ ကောင်မလေးမှာက ဘလော့မှာ ပိုစ့်တင်ရုံကလွဲရင် ကျန်တာ ဘာကိုမှ မလုပ်တတ်ဘူးလေ .. ကောင်မလေးရဲ့
ဘလော့ကို အစအဆုံး လုပ်ပေးသွားခဲ့တာက ကောင်လေးပါ .. ကောင်လေးက ခုချိန်မှာ ကောင်မလေးနားမှာ မရှိတော့ ... ကောင်မလေးတစ်ယောက်ထဲ လုပ်ရ ခက်နေတယ်လေ ..

အဲ့လိုနဲ့ လုပ်ကြည့်ပါတယ် .. ဘယ်လိုမှ အဆင်မပြေဘူး .. ဒါနဲ့ ကောင်မလေးကို ကူညီပေးမယ့်သူ ပေါ်လာပါတယ် .. သူက ဥာဏ်လင်းပါ .. ကောင်မလေး အိမ်နာမည်လေးကို ပြောင်းပေးသွားတာ . ခုတော့ ပြည်တွင်းကလူတွေ ကောင်မလေးအိမ်ကို လွတ်လပ်စွာ ၀င်ကြည့်လို့ရပါပြီ .. ကောင်မလေး အိမ်နာမည်က www.hninmoewai-mm.co.cc ပါ .. လည်လည် လာကြပါအုန်းနော် .. ကောင်မလေးကို ကူညီပေးတဲ့ ဥာဏ်လင်းကို ကျေးဇူးတင်ပါတယ် ..

ရှိပါသေးတယ် ...

Feb 21, 2009

ခံစားချက်

C-Box မှာ အော်သွားပေးတဲ့ ကိုတင်အောင်ထွန်းကို ကျေးဇူးတင်ပါတယ် .. ကိုတင်အောင်ထွန်းနဲ့ ကောင်မလေး သေချာ စကားမပြောဘူးပေမယ့် . သူ့ရဲ့ Gtalk မှာတင်ထားတဲ့ Custom Message လေးကို သဘောကျတာနဲ့ သူ့ဆီကနေ .. ခွင့်တောင်းပြီး ပြန်တင်ပေးတာပါ ... ကဗျာလိုလို .. စာလိုလို .. နဲ့ရေးထားတဲ့ စာလေးက .. ကောင်မလေးရဲ့ စိတ်ထဲက ခံစားချက်အချို့နဲ့ တိုက်ဆိုက်နေတာကတော့ အံသြဖို့ကောင်းတယ်လေ .. ခုတလော .. သေချာပြောရရင် .. ချစ်သူ့သက်တမ်း ၁နှစ်ကျော်လာတဲ့အခိုက်မှာ .. ကွဲအက်သံတွေ ကြားလာခဲ့ရတာ .. ကောင်မလေး ရပ်တည်နိုင်ဖို့ မနည်းကြိုးစားနေခဲ့တဲ့အချိန်တွေပေါ့ .. သူငယ်ချင်းတွေ .. ဘလော့ရေးတဲ့ သူငယ်ချင်းတွေ .. အမတွေလို ခင်မင်လေးစားရတဲ့ မမတွေက ဖေးမခဲ့လို့ .. ကောင်မလေး . စာတွေရေးဖို့ ပြန်လည် ရပ်တည်နိုင်ခဲ့တာပါ .. ခါးသီးလှတဲ့ကံကြမ္မာကြောင့် ကောင်မလေး ပုံလဲခဲ့ရပါတယ် ... မျှော်လင့်ထားတဲ့အရာတစ်ခုက .. ဖြစ်မလာတဲ့အခါ ... မျှော်လင့်တကြီးနဲ့ ပေါင်းစုံရမယ်လို့ ထင်ထားတာတွေ ဖြစ်မလာတဲ့အခါ .. ..

သူငယ်ချင်းအားလုံး .. ဘလော့ဂါသူငယ်ချင်းတွေအားလုံး ... အားလုံး .. အားလုံး ... ကောင်မလေးကို ဖေးမပေးခဲ့သူတွေ အားလုံးကို ကျေးဇူးအရမ်းတင်ပါတယ် ... ကဗျာလေးကို ဖော်ပြခွင့်ပြုတဲ့ ကိုတင်အောင်ထွန်းကိုလဲ ကောင်မလေးက ကျေးဇူးတင်အထူးတင်ပါတယ် .. ခံစားကြည့်ပေးပါနော် ....


ချစ်သူသို့ ....

အလုပ်တွေ ရှုပ်နေတဲ့အခါ
အရှုပ်တွေလုပ်နေတယ်လို့ မထင်ပါနဲ့ ....
ကြင်နာခဲ့ကြပြီးမှ
နာကျင်အောင်မလုပ်ကြေးနော် ...
စိုးစိတ်က စိတ်မချတဲ့ခါ
စိတ်မဆိုးလိုက်ပါနဲ့ ချစ်သူ ...
ချစ်သူရှာရင်း
သူချစ်ကိုတွေ့ခဲ့လို့
ကျေနပ်မိသူပါ ...
အချစ်တွေပိုနေတဲ့ရင်မှာ
အပိုတွေကိုလည်း မချစ်ချင်တော့ဘူး ..
အများစကားကြောင့်လည်း
စကားမများဘူးနော် ...
စိတ်မကောင်းတဲ့ခဏလေးမှာတောင်
မကောင်းစိတ်မထားပါဘူး ...
သွေးထွက်အောင်နာကျင်ပါစေ
ပေးဆပ်ခြင်းတွေပဲ ဆက်ပေးချင်သူပါ ....
အချစ်ဆုံးမို့ အဆုံးထိ
ချစ်ပါရစေတော့ ချစ်သူရယ် .... ။

ရှိပါသေးတယ် ...

Feb 20, 2009

Yangon Blogger Gathering

ဖေဖေါ်ဝါရီ ၁၈ရက်နေ့မှာ .. ရန်ကုန်က ဘလော့ဂါတွေ တွေ့ဆုံပွဲလုပ်ခဲ့ကြတယ် ... ကောင်မလေးလဲ ပါဝင်ဆင်နွဲခဲ့တယ် ဆိုပါတော့ .. ဘလော့ဂါတွေ အတော် များများ လာခဲ့ကြသလို .. အားလုံးရဲ့ ရင်ထဲမှာလဲ တစ်ယောက်သောသူကို တမ်းတနေမှန်း မျက်နှာလေးတွေကို ကြည့်ရင် သိသာပါတယ် .. ကောင်မလေးလဲ ပျော်ရွင်ခြင်းတ၀က် ၀မ်းနည်းခြင်းတ၀က်နဲ့ ဘလော့ဂါတွေနဲ့ စကားစမြည်တွေ ပြောဖြစ်ခဲ့ကြပါတယ် .. အဲ့လို ဆုံစည်းကြတဲ့အချိန်မှာ .. မြို့စားကြီးကို လွမ်းမိတယ် .. စကားလုံး အသစ်အသစ်တွေနဲ့ သူ့ရဲ့ အနုပညာကို လွတ်လပ်စွာ ဖော်ထုတ်ပြတတ်တဲ့ မြို့စားကြီးကို သတိရရှိနေမိတယ် ..

ဘလော့ဂါဟောင်းတွေ လာခဲ့ကြသလိုဘဲ .. ဘလော့ဂါ အသစ်ကလေးတွေလဲ လာခဲ့ကြတဲ့ ဆုံတွေ့ပွဲလေးပါဘဲ .. ပုံတွေကိုတော့ ကောင်မလေး လက်ထဲ မရောက်သေးတဲ့အတွက် .. တင်မပေးနိုင်သေးပါဘူး .. ကိုညီလင်းဆက် တို့ ဆီမှာဘဲ ရှိအုန်းမှာ ... ကိုလင်းဆက်ဆီကနေ ရတဲ့အခါ .. ပုံလေးတွေ တင်ပေးပါ့မယ် .. ပြီးတော့ ဒီပိုစ့်ကို ရေးဖို့ တိုက်တွန်းအားပေးတဲ့ မမ မနော်ဟရီကို ကျေးဇူးတင်ပါတယ် ...

ရှိပါသေးတယ် ...