Jul 6, 2009

ချစ်ခြင်းသံစဉ် ၂ နှစ်ပြည့်

ကောင်လေးရေ ..
ဒီနေ့ဆိုရင် . ကောင်မလေးတို့ ချစ်သက်တမ်း ၂ နှစ်ပြည့်လေးနော် .. ကောင်လေးကတော့ အဝေးတစ်နေရာမှာဘဲ ရှိနေဆဲပေါ့ ... အကြောင်းကြောင်း ကြောင့်တွေကြောင့် ကောင်မလေးရဲ့ ဘလော့ပေါ်ကို မလာနိုင်ပေမယ့်လဲ ကောင်လေးရင်ထဲမှာ ကောင်မလေးနဲ့ ထပ်တူ ဖြစ်နေမယ်ဆိုတာ .. ကောင်မလေး သိပြီးသား ..

ကောင်လေးရေ ..
ဘာလိုလိုနဲ့ ကောင်လေးပြောခဲ့တဲ့ ၂၀၁၀ နားကိုတော့ ရောက်တော့မယ် .. အခြေအနေတွေ ပေးလာပါ့မလား ဆိုတာကိုတော့ ကောင်မလေးလဲ သေချာမပြောနိုင်သလိုဘဲ ကောင်လေးလဲ သေချာပြောနိုင်မယ် မထင်မိဘူးနော် .. ဘာဘဲဖြစ်ဖြစ် ... တစ်နေနေ့မှာတော့ .. ကောင်လေးနဲ့ ကောင်မလေး ဆုံစည်းရမယ်ဆိုတာ . ကောင်မလေး မျှော်လင့်ပြီးသားပါ ... ကောင်လေးရေ .. ကောင်မလေးကတော့ အလွမ်းတွေကို သယ်ပိုးပြီး ... ကောင်လေး ပြန်လာမယ့်နေ့တွေကို စောင့်ကြိုနေဆဲပါ ....

1 - ယောက်တော့ ပြောထားတာရှိတယ်:

မြစ်ကောက် @ ÇÜ®ΛΞ ®!Λ∈R said...

ရှင်သန်ခြင်းရဲ့ အဓိပ္ပါယ်ကိုဘယ်လိုဖွင့်မှ ပြည့်စုံမယ်လို့ မပြောပြတတ်ပေမယ့် ရပ်တည်ဖို့အတွက် တိုက်ပွဲဝင်နေရဆဲပါကွာ...။